မြို့နယ်ဥပဒေဆိုင်ရာ

မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးရမည့်အမှုမျိုး ယနေ့တိုင် မရှိသေးဟုဆို

ချောင်းဆုံ ဇွန် ချောင်းဆုံမြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေဖြင့်တာဝန်ယူဆောင်ရွက်ပေးရမည့်အမှုကိစ္စမျိုး မရှိသေးကြောင်းယင်းအဖွဲ့မှ ဦးခင်မောင်ဦးက ပြောသည်။ အဆိုပါအဖွဲ့ ရုံးခန်းကို ချောင်းဆုံမြို့ ၊ ကျွန်းသာယာ ခန်းမ၌ ဇွန်လ ၁ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့သည်။ “မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အနေနဲ့  အလှည့်ကျနေ့စဉ် ရုံးခန်းဖွင့်ပြီး ရုံးထိုင်နေပြီ ဖြစ်တယ်။ဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အမှုကိစ္စနဲ့ ပတ်သက်ပြီးလာရောက်မေးမြန်းတာတွေအကြံဉာဏ် တောင်းခံတာတွေတော့နေ့စဉ်နဲ့အမျှရှိတယ်။ ပြစ်မှုဆိုင်ရာနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်နဲ့...

ကလော့ကျေးရွာတွင် လူနေကွက်သစ် ဖော်ပေးရန် ဒေသခံများ တောင်းဆို

ချောင်းဆုံ မေ ချောင်းဆုံမြို့နယ် ကလော့ကျေးရွာတွင်  အိမ်ရာမြေကွက်သစ်များ တိုးချဲ့ဖော်ထုတ်ပေးရန် ဒေသခံများက တောင်းဆိုခဲ့ကြောင်းသိရသည်။ မေလ ၂၁ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဒေါ်ကြည်ကြည်မြ၊ မြို့နယ်မှ ဌာနဆိုင်ရာများနှင့် ဒေသခံများတွေ့ဆုံပွဲကျင်းပခဲ့ရာတွင်ယင်းသို့ တင်ပြခဲ့ကြခြင်း ဖြစ်သည်။ “ရွာမှာ လူနေအိမ်ခြေတွေကျပ်ပိတ်လာတဲ့အတွက် အိမ်ရာမြေကွက်သစ်တွေကို ဖော်ထုတ်စေချင်တယ်” ဟု  ယင်းကျေးရွာနေ ဦးကြည်ဝင်းက ဆိုသည်။ ကျေးရွာတွင် လမ်းများကျဉ်းမြောင်းနေ၍အရေးပေါ်အခြေအနေတွင်...

လယ်ဧက ၈၀ အတွက် မျိုးစပါးအခမဲ့ ဖြန့်ဝေ

ချောင်းဆုံ မေ ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာပိုင် ကွင်းအမှတ် ၆၃၄ အေရှိဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြကျေးရွာစိုက်ကွက် လယ်ဧက ၃၀၀ အနက် လယ်ဧက ၈၀ ကိုမျိုးစေ့ထုတ်စိုက်ခင်းပြုလုပ်နိုင်ရန်အ တွက်မျိုးစပါးအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကတစ်ဆင့် သိရသည်။ "ဒေသခံတွေလည်း နှစ်သက်စိုက်ပျိုးနေတဲ့ မျိုးစပါးဖြစ်တယ် ၊ သက်တမ်း ၁၄၅ ရက်ဖြစ်တယ် ။...

ချောင်းဆုံ ဒေသခံ ၆၀၀ ကျော် ယာဉ်မောင်းလိုင်စင် ရရှိ

ချောင်းဆုံ မေ ချောင်းဆုံမြို့နယ်မှဒေသခံ ၆၃၈ ဦးကို မွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယာဉ်မောင်းလိုင်စင် (က) (မော်တော်ဆိုင်ကယ်) လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ "ပြည်နယ်ကညန ကမေလ ၁၁ ရက်နေ့မှာ ချောင်းဆုံမြို့နယ်ကျွန်းသာယာခန်းမမှာ ဒေသခံ ၅၈၈ ဦးကိုဆိုင် ကယ်ယာဉ်မောင်းလိုင်စင်လာရောက်လုပ်ပေးခဲ့တယ် ။ မေလ ၁၃ ရက်နေ့မှာ ချောင်းဆုံ အထကမှာဒေသ...

ဘီလူးကျွန်း ရွာစဉ် ဘုရားပွဲတော်ကာလ ဌာနေပြန် ရွှေ့ပြောင်းလုပ်သားတို့ လုပ်ငန်းခွင် ပြန်လည် ထွက်ခွာ

  ချောင်းဆုံ ဧပြီ ဘီလူးကျွန်းတွင် ရွာစဉ် ဘုရားပွဲတော်ကို နှစ်စဉ် ရိုးရာမပျက် ဆင်နွှဲလျက်ရှိရာ ယခုနှစ် ပွဲတော်ကာလတွင်လည်း ပြည်တွင်း ပြည်ပ ဒေသအနှံ့အပြားရောက် ရွှေ့ပြောင်းလုပ်သားများ ဇာတိရပ်ရွာအသီးသီးသို့ ပြန်လည်ဆင်နွှဲခဲ့ကြပြီး ယခုအခါ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းခွင် တဖန်ဝင်ရောက်ရန် ရပ်ဝေးသို့ ပြန်လည်ထွက်ခွာနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ "ပြင်ပမှာရေကြည်ရာမြက်နုရာသွားလာလုပ်ကိုင်နေကြတဲ့ရွှေ့ပြောင်းလုပ်သားတွေက...

သောက်သုံးရေရှားပါး ကျေးရွာများထံ ဒေသပြင်ပမှ ရေ လာရောက်လှူဒါန်းနေ

ချောင်းဆုံ ဧပြီ အပူချိန် မြင့်တက်နေချိန် ချောင်းဆုံမြို့နယ်အတွင်း ရေရှားပါး ပြတ်လပ်ရာ ကျေးရွာများသို့ ဒေသပြင်ပမှ လာရောက်ကာ သောက်သုံးရေ လှူဒါန်းဖြန့်ဝေပေးသူများ ဧပြီ တတိယနှင့် စတုတ္ထပတ်များတွင် နေ့စဉ်လိုလို အရေအတွက် များပြားခဲ့ကြောင်း တွေ့ရှိရသည်။ ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် မတ် ၊ ဧပြီလများအတွင်း အပူချိန်မြင့်တက်မှုကြောင့် ရေတွင်း၊...

နွားဈေး ခိုင်မာ၊ တစ်ပိုင်တစ်နိုင် မွေးမြူသူ တိုး

ချောင်းဆုံ ဧပြီ လက်မှုမှ စက်မှုလယ်ယာစနစ် အသွင်ကူးပြောင်းချိန် ကျွဲ၊ နွားများကို ခိုင်းစေရန် မွေးမြူသူ နည်းပါးခဲ့၍ ကျွဲနွား ရှားပါးလာခဲ့သော်လည်း ယခုမူ နွားဈေး ခိုင်မာနေ၍ စိတ်ဝင်တစား တစ်ပိုင်တစ်နိုင် မွေးမြူသူများ ချောင်းဆုံမြို့နယ်တွင် ရှိလာကြောင်း ကာယကံရှင်တို့ထံမှ သိရသည်။ "မျိုးနွား မကောင်းရင် တစ်ကောင်ကို သိန်း...

ဘီလူးကျွန်း ရွာစဉ်ဘုရားပွဲတော်များ နွားလှည်းဖြင့် လာရောက်သည့် ဓလေ့ တိမ်ကောလာ

ချောင်းဆုံ ဧပြီ ဘီလူးကျွန်းမှ ရွာစဉ်ရိုးရာဘုရားပွဲတော်များတွင် ရှေးက တစ်ရွာနှင့်တစ်ရွာ နွားလှည်းများဖြင့် သွားလာဆင်နွှဲခဲ့ကြသော်လည်း ယခုအခါ ဒေသတွင် ခိုင်းနွားများ ရှားပါးလာ၍ နွားလှည်းဖြင့် လာရောက်သူမရှိသလောက်ဖြစ်နေကြောင်း ဒေသခံများကတစ်ဆင့် သိရသည်။ "အရင်ကရွာစဉ်ရိုးရာဘုရားပွဲတော်ကို နွားလှည်းတွေနဲ့သွားလာကြတယ်၊ဘုရားပွဲတော်မှာနွားအလှ ၊ နွားလှည်း အလှပြိုင်ပွဲတွေလည်းရှိခဲ့တယ် ၊အခုဆိုရင်နွားအလှတွေ နွားလှည်းအလှတွေမရှိသလောက်ဖြစ်လာတဲ့အတွက် နောင်လာနောက်သားတွေအရင်ကကျင်းပခဲ့တဲ့ပုံ စံတွေကိုမြင်တွေ့ဖို့မလွယ်တော့ဘူး"ဟု ရွာလွတ်ကျေးရွာနေ ဦးညီကဆိုသည်။ ဒေသတွင်...

အပူဒဏ်ကြောင့် ကျေးရွာအချို့ ရေတွင်းရေကန်များ ခန်းခြောက်လာ

ချောင်းဆုံ ဧပြီ ပူပြင်းခြောက်သွေ့လာမှုကြောင့် ကျေးရွာအချို့တွင်ရေတွင်းရေကန်များခန်းခြောက်လာပြီဖြစ်ကြောင်း နှင့် လာမည့်တစ်ပတ်နှစ်ပတ်အတွင်း မိုးရွာသွန်းခြင်းမရှိပါက သောက်သုံးရေများအခက်အခဲရှိလာနိုင်ကြောင်း ဒေသခံများကသိရသည်။ “ရွာထဲမှာ သောက်သုံးရေကန် ၃ ကန်ရှိတဲ့အနက်မှာ တစ်ကန်ကတော့ခန်းခြောက်သွားပြီ ၊ နောက်နှစ်ကန်ကတော့ ရေနည်းနည်းစီကျန်သေးတယ် ၊ တစ်ပတ်ဆယ်ရက်လောက်တော့သုံးဖို့ရှိသေးတယ် ၊ မိုးနောက်ကျနေမယ်ဆိုရင် နောက်ပိုင်းမှာသောက်သုံးရေအခက်အခဲတွေရှိလာနိုင်တယ်”ဟု ဒေါင်းရပ်အရှေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးကဆိုသည်။ ဒေါင်းရပ်အနောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းကလည်း ကျေးရွာတွင်...

အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေးကောင်းလာနိုင်ဟု လယ်သမားနှင့်ကုန်သည်များမျှော်လင့်

ချောင်းဆုံ ဧပြီ အိန္ဒိယကပဲတင်သွင်းခွင့်ပြုထားခြင်းအပေါ် မတ်ပဲဈေးကောင်းရလာနိုင်မည်ဟု လယ်သမားနှင့် ကုန်သည်များ မျှော်လင့်လျက်ရှိသည်။ "အခုနှစ်မှာအိန္ဒိယက မတ်ပဲ တန်ချိန် ၁ သိန်းခွဲ ၊ ပဲဇင်းငုံ တန်ချိန် ၂ သိန်း ၊ ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲကို ၂၀၁၉ ဧပြီလ ၂၀ ရက်နေ့ကနေ...