သွေးလွန်တုပ်ကွေးနှိမ်နင်းရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်နေဟုဆို

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများ လျော့နည်းကျဆင်းစေရေးအတွက်  သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေး အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြောင်း မွန်ပြည်နယ်လူမှုရေးနှင့်ဝန်ကြီးဒေါက်တာထိန်လင်းက ပြောကြားသည်။ သွေးလွန် တုပ်ကွေးရောဂါသေဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်မည့်လုပ်ငန်းများကို မော်လမြိုင်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဇွန်လ ၂၅ ရက်နေ့က  အသိပေးရှင်းလင်းပွဲ ကျင်းပရာ၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “မွန်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာ...

မဲစာရင်း မှန်ကန်ရေး ပြည်သူများ ပူးပေါင်းပါဝင်ရန်ကော်မရှင်တိုက်တွန်း

မော်လမြိုင်၊ဇွန်၂၇ မဲဆန္ဒရှင် စာရင်းထုတ်ပြန်ကြေညာ သည့် အချိန်တွင် ပြည်သူများ မဲစာရင်းမှန်မှန် လာရောက်ကြည့်ရှုသည့်ရာ ခိုင်နှုန်းပိုများ ပါက မဲစာရင်းတိကျခိုင်မာမှု ကို အာမခံ နိုင်ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ က အတွင်းရေးမှူး ဦးဟိဏ်းမင်းထက်က ဆိုသည်။ “ပြည်သူလူထု လာကြည့်တဲ့ဟာ ၃၀ ရာခိုင်နှုန်း ဆို၃၀ရာခိုင်နှုန်းလောက်အာမခံပေးလို့ရတယ်၊၅၀ ရာခိုင်နှုန်းဆို...

ပြည်သူ့ပါတီနှင့်မွန်ညီညွှတ်ရေးပါတီ တွေ့ဆုံမှု မဟာမိတ်ဖွဲ့ရန် လာရောက်ကမ်းလှမ်းခြင်းမဟုတ်

မော်လမြိုင်၊ ဇွန် ၂၆ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် အဖွဲ့သည် မွန်ညီညွတ်ရေးပါတီကို လာရောက်တွေ့ဆုံခြင်းမှာ မဟာမိတ်ဖွဲ့ရန် လာရောက်တွေ့ဆုံခဲ့ခြင်း မဟုတ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။ မွန်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ဦးဆောင်သည့်အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီမှ ဥက္ကဋ္ဌ နိုင်တင်အောင် ဦးဆောင်သည့်အဖွဲ့သည် ဇွန်လ...

ယခုနှစ်ခြောက်လအတွင်း ဖြစ်ပွားသည့် သက်ငယ်မုဒိမ်းမှု၊ ဖြစ်ပွားမှုမှာ ယခင်နှစ် အရေအတွက်နှင့်တူညီ

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လပထမအပတ်အထိ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုမှာယခင် ၂၀၁၈ ခုနှစ် တစ်နှစ်စာအမှုများအရေအတွက်ရှိနေကြောင်းမွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။ “၂၀၁၈ ခုနှစ် ၁ လပိုင်းမှ၁၂ လပိုင်းအထိ အမှုအရေအတွက်နဲ့...

ပြည်ပရောက် မွန်တိုင်းရင်းသားများကို မဲပေးခွင့်ရရန် စီစဉ်မည်

မော်လမြိုင်၊ ဇွန် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မွန်တိုင်းရင်းသားများအားလုံး မဲပေးခွင့်ရရှိရန် မွန်ညီညွတ်ရေးပါတီ (MUP) က ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍မေလ ၂၉ ရက်က ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသမီးများ...

မြန်မာနိုင်ငံကိုဆင်းရဲသည့်နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က မသတ်မှတ်တော့ဟု မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ ဇွန် မြန်မာနိုင်ငံကို ဆင်းရဲသည့် နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က မသတ်မှတ်တော့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကပြောကြားသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မုဒုံမြို့နယ်၊ကော့ခပုံကျေးရွာ၊ အောင်မင်္ဂလာကျောင်းတွင် ဇွန် ၂၁ ရက်၌ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင်ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကမ္ဘာ့ဘဏ်က ကျွန်တော်တို့တိုင်းပြည်ကိုဆင်းရဲတဲ့နိုင်ငံအဖြစ် မသတ်မှတ်တော့ပါဘူး”ဟု ဒေါက်တာအေးဇံက ပြောသည်။ ယခင်အချိန်က မြန်မာပြည်အနေဖြင့် ကမ္ဘာ့ဘဏ်တွင် ငွေချေးငှားမည်ဆိုပါက ကျပ်တစ်ရာကို တစ်နှစ်လျှင်...

မွန်ပြည်နယ်တွင် H1N1 ကူးစက်ခံရသည်ဟု သံသယရှိ လူနာတစ်ဦးတွေ့

မော်လမြိုင် ၊ ဇွန် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် H1N1ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိ လူနာတစ်ဦးကို ရန်ကင်းကလေးဆေးရုံသို့ပိုဆောင်ထားပြီး ဆေးကုသမှုခံယူနေကြောင်း မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရှိရသည်။ အဆိုပါ H1N1 ရောဂါ ကူးစက်ခံရသည်ဟု  သံသယရှိသူမှာ တစ်နှစ် သုံးလ အရွယ်ကလေးငယ်တစ်ဦးဖြစ်ကြောင်းအဆိုပါ ဌာန ထံမှ သိရှိရသည်။ ယင်းကလေးငယ်ကို မွန်ပြည်နယ်...

မွန်ပြည်နယ်သို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု သိသိသာသာ ကျဆင်း

မော်လမြိုင် ၊ ဇွန် မွန်ပြည်နယ် အတွင်းသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁ရခုနှစ်မှ စတင်ကာ သိသိသာသာ ကျဆင်းလာကြောင်း မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချန်ထွန်းက ပြောသည်။ “ခရီးသွားလုပ်ငန်းက မြန်မာပြည်ရဲ့ အသက်ပဲပေါ့၊ အဲ့ဒီအသက်ဖြစ်တဲ့အတွက် ဒီခရီးသွားလုပ်ငန်း အောင်မြင်အောင်လုပ်ဖို့လိုတယ်။ အခုဆို ကျွန်တော်တို့ကနောက်ကျနေပြီလေ၊အရမ်းကို...

မွန်တွင် ကလေးသူငယ်များအတွက် မိမိခန္ဓာကိုယ်ကို ကာကွယ်နိုင်ရန် အသိပညာပေးသင်ကြားမည်

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ်ရှိမြို့နယ် (၃)မြို့နယ်တွင် ယခုလနောက်ဆုံးအပတ်မှစ၍ လာမည့် ဇူလိုင်လအထိ မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှဦးဆောင်၍ စာသင်ကျောင်းများတွင် ကလေးသူငယ်များအတွက် Body Prevention မိမိခန္ဓာကိုယ်ကို ကာကွယ်နိုင်ရေးအတွက် အသိပညာပေးသင်ကြားပေးသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီထံမှသိရှိရသည်။ မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ဖြစ်ပျက်လာသည့် ဖြစ်စဉ် များပြားလာသည့်အတွက်...

တိုင်းကြားခံရသည့်ကိစ္စနှင့် ပတ်သက်၍ “ပြောစရာမလို” ဟု မွန်ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ ဇွန်၂၁ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မွန်ပြည်နယ် အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ် ၉ ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားသည့် ကိစ္စနှင့် ပတ်သတ်၍ တစ်စုံတရာ မှတ်ချက်ပေး ပြောစရာ မလိုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို တင်ဒါလုပ်ထုံးလုပ်နည်းများကို...