ဒေါက်တာလဲ့လဲ့မော်ကို ဦးဝင်းထိန် ထောင်ဝင်စာ တွေ့

32
ဦးဝင်းထိန်နှင့် တိုင်းအစိုးရအဖွဲ့တို့အား တွေ့ရစဉ်။ သတင်းဓါတ်ပုံ- ဖြိုးဝင်းထွန်း
data-language="en">

ထားဝယ် ဇွန် ၁၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေသော တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)နာယက ဦးဝင်းထိန်က ဇွန်လ ၁၂ရက်နေ့တွင် ထောင်ဝင်စာ လာတွေ့ခဲ့ကြောင်း ထားဝယ်အကျဉ်းထောင်ထံမှ သိရသည်။

ဦးဝင်းထိန်နှင့် တိုင်းအစိုးရအဖွဲ့တို့အား တွေ့ရစဉ်။
သတင်းဓါတ်ပုံ- ဖြိုးဝင်းထွန်း

“၇နာရီ ၄၀မှ ၈နာရီ ၄၀အထိ လာရောက်တွေ့ဆုံခဲ့တယ်“ဟု ထားဝယ်အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးအေးဗိုလ်ဗိုလ်က ဆိုသည်။

ဦးဝင်းထိန်နှင့်အတူ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်စိုး၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးမိုးအောင်၊ ဒေါက်တာ ကျော်ဌေး၊ ဒေါက်တာလဲ့လဲ့မော် ခင်ပွန်း ဦးထွန်းမင်းတို့ လာရောက်ခဲ့ကြောင်း ၎င်းက ပြောသည်။

data-language="en"

ဦးဝင်းထိန်သည် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ဇွန်လ ၁၀ရက်နေ့က လေယာဉ်ဖြင့်ရောက်ရှိလာခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများအား တွေ့ဆုံခဲ့သည်။

ထားဝယ်မြို့သို့ ဦးဝင်းထိန်လာရောက်သည့်ခရီးမှာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို လာရောက်အားပေးခြင်းဖြစ်ကြောင်း တိုင်း NLD အတွင်းရေးမှူး ဦးအေးနိုင်က ပြောဆိုသည်။

“အစည်းအဝေးမှာလည်း သူပြောပါတယ်။ သူ(ဦးဝင်းထိန်) ထောင်ကျဖူးသူဖြစ်တဲ့ ထောင်အထဲမှာ တွေ့ကြုံရှိတဲ့အတွက် လာ အားပေးတဲ့သဘော၊ အမျိုးသမီးကလည်း ဖြစ်နေတယ်၊ ကျန်းမာရေးကလည်း ရှိနေတော့ လူကြီးတစ်ယောက်အနေနဲ့ လာအားပေးတယ်”ဟု ဦးအေးနိုင်က ဆိုသည်။

ဦးဝင်းထိန်သည် ဇွန်လ ၁၁ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဟု ၎င်းထံမှ သိရသည်။

NLDပါတီ၏ တနင်္သာရီတိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ကလည်း ဇွန်လ ၁၁ရက်နေ့ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တွင် လာရောက် တွေ့ဆုံခဲ့ သည်။

၂၀၁၆ခုနှစ် မတ်လ ၂၂ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးလောင်းများနှင့်တွေ့ဆုံချိန်တွင် “လာဘ်မစားနဲ့၊ အဂတိ မလိုက်စားနဲ့၊ လာဘ်စားရင်၊ အဂတိလိုက်စားရင် ထောင်ပဲနော်၊ ရဲဘော် ရဲဘက်အနေနဲ့တော့ ထောင်ဝင်စာ လာတွေ့မယ်”ဟု ပြောဆိုခဲ့ဖူးသည်။

NLD ပါတီ ဗဟိုနာယက ဦးဝင်းထိန် သည် ဇွန်လ ၁၂ရက်နေ့တွင် ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဝင်စာလာတွေ့ပြီးနောက် ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ဦးဝင်းထိန် နှင့် ဒေါက်လဲ့လဲ့မော်တို့မှာ ရင်းနှီးသော ဆက်ဆံရေးရှိသူများ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

တင့်လွင်

= = =

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်