ရုရှားမှာ 5G ကွန်ယက် တရားဝင် တည်ဆောက်ခွင့် ရသွားတဲ့ Huawei

7
data-language="en">

မော်စကို ဇွန် ၉

အမေရိကန်အပါအဝင် အနောက်နိုင်ငံတော်တော်များများက စပိုင်အဖြစ်စွပ်စွဲပြီး လာရောက်ရင်းနှီးမြှုပ်နှံဖို့ ပိတ်ပင်ခံထားရတဲ့ ဟွာဝေးကုမ္ပဏီကို ရုရှားနိုင်ငံမှာ 5Gကွန်ယက်တည်ဆောက်ဖို့အတွက် ရုရှားအစိုးရက ခွင့်ပြုခဲ့ပါတယ်။

ရုရှားဆက်သွယ်ရေးကုမ္ပဏီကြီး MTSနဲ့ လုပ်ငန်း ပူးပေါင်းတဲ့ သဘောတူညီမှုစာချုပ်ကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်က ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံအပြီးမှာ ယခုလို သဘောတူညီချက်လက်မှတ်ရေး ထိုးမှု အောင်မြင်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းပူးပေါင်းမှုအပြီးမှာ ဟွာဝေးရဲ့ 5Gကွန်ယက်ကို ၂၀၂၀နှစ်ဆန်းပိုင်း အပြီး တည်ဆောက်သွားမှာဖြစ်တယ်လို့ ဟွာဝေးဘက်က အတည်ပြုကြေညာလိုက်ပါတယ်။

data-language="en"

ဟွာဝေးရဲ့ 5Gကွန်ယက်နည်းပညာကို မှီတဲ့ နည်းပညာ ကမ္ဘာပေါ်မှာ မရှိသေးတာကြောင့် ရုရှားရဲ့ ဆက်သွယ်ရေးဟာ ဟွာဝေးကောင်းမှုနဲ့ ကမ္ဘာထိပ်တန်းဖြစ်လာမယ်လို့ ဟွာဝေးရဲ့ ဥက္ကဌ က ပြောပါတယ်။

ဟွာဝေးရဲ့ 5G ကွန်ယက်နည်းပညာဟာ အလွန်မြန်ဆန်ပြီး မောင်းသူမဲ့ကားထိန်းချုပ်စနစ်၊ အဝေးမှ ထိန်းချုပ်ကာ ဆေးဘက်ဆိုင်ရာ အချက်အလက်နဲ့ ရောဂါလက္ခဏာများရှာဖွေခြင်း၊ အွန်လိုင်းဘဏ်စနစ် စတာတွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာြဖစ်တယ်လို့ သိရပါတယ်။

ရုရှားရဲ့ ဟွာဝေးအပေါ်လက်ခံလိုက်ခြင်းဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ သဘောထားနဲ့ ကြေညာချက်ကို စိန်ခေါ်လိုက်တဲ့ သဘောဆန်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ ဟွာဝေးရဲ့ 5Gနည်းပညာကိုလက်ခံလိုက်ခြင်းဟာ ကမ္ဘာ့အကောင်းဆုံးစနစ်တစ်ခု အဖြစ် လက်ခံခြင်းကြောင့်ဖြစ်ပြီး ရုရှားရဲ့ နည်းပညာကို ယခင်ထက်ပိုမိုတိုးတက်မြင့်မားဖို့ ရည်ရွယ်တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref: CNBC

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်