မက္ကစီကိုမှတစ်ဆင့် အမေရိကန်သို့ ရွှေ့ပြောင်းဝင်လာသူများအရေး နှစ်နိုင်ငံသဘောတူညီမှုရရှိ

9
data-language="en">

ဝါရှင်တန် ဇွန် ၉

မက္ကစီကိုနှင့် အမေရိကန်နယ်စပ်မှတစ်ဆင့် အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့်ပတ်သက်သည့် သဘောတူညီမှုတစ်ရပ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါသဘောတူညီမှုအရ နယ်စပ် တရားမဝင် ဖြတ်ကျော်သူများကို စိစစ်တားဆီးပေးရမည်ဖြစ်ပြီး အမေရိကန်က မက္ကစီကို သွင်းကုန်စည်းကြပ်မှု ၅ရာခိုင်နှုန်းတိုးမြှင့်မည့်အစီအစဉ်ကို ရပ်ဆိုင်းထားပေးမည်ဖြစ်သည်။

သမ္မတထရန့်သည် အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသူများ ထပ်မံဝင်ရောက်လာပါက မက္ကဆီကိုနိုင်ငံမှ တင်ပို့သည့်ကုန်ပစ္စည်းများအပေါ်အခွန်စည်းကြပ်မှု မြှင့်တင်မည်ဖြစ်ကြောင်း မကြာခဏ ကြေညာလေ့ရှိပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံ ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

data-language="en"

ယင်းနောက် အမေရိကန်တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းလာသူများဝင်ရောက်မှုကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်မည့်လုပ်ငန်းစဉ်များ မက္ကဆီကိုနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်ဟု သမ္မတထရန့်က တွစ်တာစာမျက်နှာတွင်ရေးသားခဲ့သည်။

ယခင်က သမ္မတထရန့်သည် မက္ကစီကိုသွင်းကုန်များအပေါ် အခွန်နှုန်း ၅ရာခိုင်နှုန်းကို ဇွန်လ ၁၀ရက်နေ့မှ စတင်တိုးကောက်ရန်စီစဉ်ထားခြဲ့ခင်းဖြစ်သည်။

မက္ကဆီကိုနိုင်ငံကရွှေ့ပြောင်းလာသူများအမေရိကန်နိုင်ငံသို့ဝင်ရောက်မှုမရှိစေရန်အစောင့်တပ်ဖွဲ့များ တပ် ဖြန့်ချထားမည်ဖြစ်ကြောင်းသိရသည်။

အမေရိကန်ကတိုးမြှင့်ကောက်ခံမည့်အခွန်စည်းကြပ်မှုကိုမက္ကဆီကိုနိုင်ငံသားများ၏ပူးပေါင်းဆောင်ရွက်မှုကြောင့်ရှောင်လွှဲနိုင်ခဲ့ပြီ ဖြစ်သည်ဟု မက္ကဆီကို သမ္မတ အန်ဒရူးစ်မန်နျူရယ်လိုပက်စ်အိုဘာရာဒိုက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ကြေညာခဲ့သည်။

Ref: CNN

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်