ယူကေရှိ Ford ကားအင်ဂျင်စက်ရုံကို ၂၀၂၀တွင် ပိတ်မည်

6
data-language="en">

လန်ဒန် ဇွန် ၉

ကမ္ဘာကျော် Ford ကားကုမ္ပဏီ၏ ယူကေရုံးခွဲ အင်ဂျင်စက်ရုံကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဇွန်လ ၈ရက်နေ့က ထုတ်ပြန်သည်။

Ford ကားကုမ္ပဏီသည် အမေရိကန်အခြေစိုက် ကားကုမ္ပဏီဖြစ်ခြင်းကြောင့် အဓိက ထုတ်လုပ်သည့် စက်ရုံများကို အမေရိကန်နိုင်ငံတွင်းတွင်သာ အခြေချလုပ်ကိုင်မည်ဖြစ်ပြီး ကျန်နိုင်ငံများမှ စက်ရုံခွဲများကိုမူ တဖြည်းဖြည်းခြင်းပိတ်သိမ်းရန်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယူကေရှိ စက်ရုံခွဲကို ဝေလနယ်တွင်တည်ဆောက်ထားပြီး အလုပ်သမား ၁၇၀၀ကျော်ရှိသည်။ စက်ရုံပိတ်သိမ်းပြီးပါက အလုပ်သမားအချို့ကို အမေရိကန်နှင့် အချို့ကို အခြားစက်ရုံခွဲများသို့ ပြောင်းရွှေ့တာဝန်ပေးမည်ဖြစ်ကြောင်း သိရသည်။

data-language="en"

ယူကေစက်ရုံကို ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင်ပိတ်သိမ်းမည်ဖြစ်ပြီး လက်ရှိ အလုပ်သင် အလုပ်သမား၄၀၀ကျော်မှာ စက်ရုံပိတ်သိမ်းပြီးပါက ဆက်လက်လုပ်ကိုင်နိုင်တော့မည်မဟုတ်ကြောင်း သဘောတူညီချက်စာချုပ် ချုပ်ဆိုထားခဲ့သည်။

စက်ရုံပိတ်သိမ်းမှုကြောင့် ကုန်ကျငွေ အမေရိကန်ဒေါ်လာ သန်း ၆၄၀ခန့်ကျသင့်နိုင်ကြောင်းကုမ္ပဏီဘက်က ပြောသည်။

မကြာသေးမီက Ford ကုမ္ပဏီက ကနဦးကြေညာခဲ့သည့် ထုတ်ပြန်ချက်အရ အလုပ်သမားစုစုပေါင်း ၇၀၀၀ခန့်ကိုလည်း လျှော့ချသွားရန်ရှိပြီး အများသောအားဖြင့် အစမ်းခန့်နှင့် အချိန်ပိုင်းလုပ်ကိုင်သူများသာြဖစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီတွင်လုပ်ကိုင်နေသည့်အလုပ်သမားပေါင်း ဥရောပတွင် ၅၃၀၀၀ကျော်ရှိနေသည်။


ကမ္ဘာအနှံ့ရှိ ရုံးခွဲများမှ လုပ်သားအင်အားကိုလျှော့ချသော်လည်း အမေရိကန်ရုံးခွဲများတွင်မူ အလုပ်သမားသစ်များ ထပ်မံခန့်အပ်ဖွယ်ရှိကြောင်း သိရသည်။

Ref: CNBC

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်