ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် စွမ်းအင်ထုတ်လုပ်မှုစနစ် ဂျပန် စိစစ်ညှိနှိုင်းမည်

4
data-language="en">

တိုကျို ဇွန် ၇

ဂျပန်နိုင်ငံမှာ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရမည့် အရေးကြီးတာဝန်တစ်ရပ်ကို ရင်ဆိုင်နေရကြောင်း ပြီးခဲ့ သည့် သောကြာနေ့တွင် ဂျပန်အစိုးရအဖွဲ့က သဘောတူ လက်ခံခဲ့သည့် စွမ်းအင်ဆိုင်ရာ စက္ကူဖြူကြေညာချက်က ဖော်ပြခဲ့သည်။

ဂျပန်သည် နျူကလီးယားသုံးဓါတ်ပေါင်းဖိုမှ စွမ်းအင်ထုတ်လုပ်သုံးစွဲမှုအမြင့်ဆုံးနိုင်ငံဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်က ဖြစ်ပွားခဲ့သော ဖူကူရှီးမား ဓါတ်ပေါင်းဖိုပေါက်ကွဲမှုတွင် ဓါတ်ရောင်ခြည်သင့်မှုနှင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပွားခဲ့ပြီး ယနေ့တိုင် ရင်ဆိုင်နေရဆဲ ပြဿနာဖြစ်သည်။

ကာဗွန်ထုတ်လုပ်မှုများလျှော့ချနိုင်ရန် သဘာဝအရင်းအမြစ်များမှ စွမ်းအင်ထုတ်ခြင်း (ဥပမာ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်နှင့် ဆိုလာစနစ်) ကို ပိုမိုတိုးမြှင့်ကျင့်သုံးရန် မူဝါဒချမှတ်ကာ စတင်လုပ်ဆောင်လာသည်။

data-language="en"

မူဝါဒအသစ်အရ သဘာဝနှင့် သဟဇာတဖြစ်သည့် စနစ်ဖြင့် စွမ်းအင်ထုတ်လုပ်မှုများကို စုစုပေါင်း စွမ်းအင်ထုတ်လုပ်မှု၏ ၂၂မှ ၂၄ရာခိုင်နှုန်းအထိ တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်သည်။

ထို့အပြင် ကာဗွန်ထုတ်လွှတ်မှုကိုလည်း ၂၀၃၀ ပြည့်နှစ်မတိုင်မီ ၂၆ ရာခိုင်နှုန်းအထိလျှော့ချရန် ဂျပန်အစိုးရအဖွဲ့က ကတိကဝတ်ပြုခဲ့သည်။

မကြာသေးခင်က စတင်ကျင့်သုံးနေပြီဖြစ်သည့် စွမ်းအင်ထုတ်လုပ်ရေးမူဝါဒသစ်သည် ၇ရာခိုင်နှုန်းမျှသာ အောင်မြင်သေးပြီး အပြည့်အဝအောင်မြင်ရန် ငါးနှစ်ခန့် လုပ်ဆောင်ရမည်ဟု ရည်မှန်းထားကြောင်း ဂျပန်အစိုးရအဖွဲ့က ထုတ်ပြန်သည်။

၂၀၁၇ခုနှစ်စာရင်းအရ ဂျပန်နိုင်ငံတွင် ကျောက်မီးသွေးနှင့် သဘာဝဓါတ်ငွေ့အသုံးပြုမှုနှုန်းသည် ၇၄ရာခိုင်နှုန်းရှိခဲ့သည်။

Ref: NHK

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်