အီရန်ရေနံကုမ္ပဏီကို အမေရိကန်ပိတ်ဆို့

4
data-language="en">

ဝါရှင်တန် ဇွန် ၉

အီရန်၏အကြီးဆုံးရေနံဓာတုလုပ်ငန်းဖြစ်သည့် ပါရှန်းပင်လယ်ကွေ့ ရေနံဓာတု စက်မှုကုမ္ပဏီ (PGPIC)နှင့် ၎င်းကုမ္ပဏီခွဲများ ၊ ပြည်ပ အရောင်းကွန်ရက်များ အားလုံးကို ပိတ်ဆို့မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

PGPICသည် အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)၏ လုပ်ငန်းအချို့ကို ငွေကြေးအထောက်အပံ့မှုများပြုနေခြင်းကြောင့် ယခုလို ပိတ်ဆို့ရခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ရှိ ပိတ်ဆို့ခံကုမ္ပဏီလုပ်ငန်းများ၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ထားပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် ၎င်းကုမ္ပဏီလုပ်ငန်းများနှင့် စီးပွားရေး လုပ်ခွင့်မပြုဟု ကြေညာချက်အရ သိရသည်။

data-language="en"

အမေရိကန်အနေဖြင့် IRGCကို ဘဏ္ဍာရေးအရ အထောက်အပံ့ပြုနေသည့် ကုမ္ပဏီလုပ်ငန်းများကို ဆက်လက်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် နူချင်း( Steven Mnuchin )က ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သောနှစ် မေလတွင် အမေရိကန်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများ ဆက်တိုက်ဆောင်ရွက်ခဲ့သည်။

ယခုနှစ်အတွင်း အမေရိကန်က အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)ကို အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခဲ့ပြိး ရေနံတင်သွင်းမှုပိတ်ဆို့မှုကို ထပ်မံလုပ်ဆောင်ခဲ့သည်။

ထို့ပြင် မကြာသေးမီက အရှေ့အလယ်ပိုင်းဒေသတွင်လည်း အမေရိကန်ချထားသည့် တပ်ဖွဲ့များ၏ စစ်အင်အားထပ်မံဖြည့်ကာ အီရန်နိုင်ငံကို ဖိအားပေးခဲ့သည်။

Ref: CNN

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်