မွန်ညီညွတ်ရေးပါတီကို ကြိုဆို

7
data-language="en">

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီ တည်ထောင်ဖွဲ့စည်းခွင့် ကို မေလ ၁၇ ရက်က အတည်ပြုပေးလိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှင့် အကြောင်း ကြောင်းကြောင့် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ ကာလအတွင်း မှ မှတ်ပုံတင်ခဲ့သည့် မွန်အမျိုးသား ပါတီ တို့ ကြား ပေါင်းစည်းရေး ကိစ္စ မှာ နှစ်ပေါင်းစွာ များလိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရသည်။

ယင်းသို့ မှတ်ပုံတင်ခွင့် ရခြင်း မှာ မွန်နှစ်ပါတီ ပေါင်းစည်းရေး အတွက် မွန်လူမျိုး ရဟန်းသံဃာ ပြည်သူ အပေါင်း နှစ်ပေါင်းများ စွာ ကြိုးပမ်းချက် အောင်မြင် ခြင်းလည်းဖြစ်သည် ။

ယင်းအောင်မြင် မှုမှစတင်ပြီး မွန်ညီညွတ်ရေးပါတီ ပါတီ အနေနှင့် မွန် တစ်မျိုးသားလုံး ၏ ကောင်းကျိုး အထွေထွေ ကို ယူဆောင်လာရန်အတွက် လည်း တောင်းဆိုလိုက်ပါသည်။

data-language="en"

မည်သို့ဆိုစေ ဖက်ဒရယ် ဒီမိုကရေစီ စနစ်တည်ဆောက်ရေး အတွက် တိုင်းရင်းသား အားလုံး တစ်တပ်တအား ပါဝင်ရန်လိုအပ်နေသောအချိန်တွင် မွန် နှစ်ပါတီ ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီ ပေါ်ပေါက်လာခြင်းကို ကြိုဆိုလိုက်ရပါသည်။

အယ်ဒီတာ (၁၈.၅.၂၀၁၉)

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်