အပူလွန်ကဲခြင်း

5
data-language="en">

နွေသည်အလွန်အပူသောသဘောကိုဆောင်သည်။ သစ်ပင်များပြုန်းတီးသွားသောအရပ်တွင် နေသည်အလွန်ပူပြင်းသော အပူရှိန်ကိုရလေသည်။ ထိုအခါတွင်လူသားတို့သည် နေ၏အပူရှိန်ကိုအလူးအလဲခံစားရတော့သည်။ အပူလွန်ကဲခြင်းများဖြစ်ပေါ်တော့သည်။

ဆေးပညာအဆိုအရ အပူရှပ်ခြင်း သည် အပူလွန်ကဲခြင်း (heat exhausion) မှစတင်ခဲ့သည်။ ထိုမှတစ်ဆင့် heat storke ဟုခေါ်သောအပူလိုင်းလွန်ကဲခြင်း အပူလျှပ်ခြင်းကိုဖြစ်ပေါ်စေသည်။ ပြင်ပအပူချိန်လွန်ကဲခြင်းသို့မဟုတ် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများတွင် ခန္ဓာကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်ပေါ်ခြင်းကြောင့် သတိမေ့ခြင်း၊ သတိလစ်ခြင်းနှင့် အခြားသောရောဂါလက္ခဏာများကို ဖြစ်ပေါ်ခြင်းကိုခေါ်သည်။ ထိုအခြေအနေတွင် ခန္ဓာကိုယ်အနှံ့အပြား အနီကွက်ထခြင်းနှင့်ဖျားနာခြင်း၊အော့အန်ခြင်းတို့ဖြစ်ပေါ်သည်။ “နေမြင့်လေအရူူးရင့်လေ” ဆိုသော စကားအတိုင်း အပူချိန်မြင့်မားမှုကြောင့် စိတ်ရှုပ်ထွေးကာ စိတ်လက်မကြည်မသာဖြစ်တတ်သည်။ တစ်ခါတစ်ရံ သတိမေ့၊ သတိလစ်ကာ လေငန်းလေဖြတ်ရောဂါဖြစ်တတ်သည်။

အပူလျှပ်ခြင်းသည် သွေးပေါင်ကျစေသောဆီးဆေးများ(diuretic, betablockers )၊ အရက်နှင့်အခြားသောဆေးများကိုသုံးစွဲသောလူများ၊ နှလုံးရောဂါနှင့်အခြားသောရောဂါများကိုခံစားနေရသော လူများတွင်ဖြစ်ရလွယ်သည်။ အရပ်ထဲတွင်ပြောနေကြသော အပူလျှပ်ခြင်းမှာ နေအပူချိန်သည် ရေနှင့်ရုတ်တရက်ထိတွေ့လိုက်သောအခါတွင် အပူချိန်သည် ကူးပြောင်းမှုဖြစ်စဉ်ကိုဟန့်တားကာ ခန္ဓာကိုယ်မှ အပူချိန်ကိုအာရုံခံစားနိုင်သောအာရုံခံအင်္ဂါလေးများရုတ်တရက်အလုပ်မလုပ်သောကြောင့် အပူချိန်မထိန်းနိုင်သော အပူလွန်ကဲခြင်း(hyperthermia)ကိုဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။

ခန္ဓာကိုယ်၏ပုံမှန်အပူချိန်သည် 37.6 ဒီဂရီစင်တီဂရိတ် (ဝါ) 96.8 ဒီဂရီဖာရင်ဟိုက်စ်ဖြစ်သည်။ ထိုအပူချိန်တွင်ခန္ဓာကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းများနှင့်အင်းဇိုင်းများအလုပ်လုပ်ကြသည်။ အပူလျှပ်ခြင်း(heat stroke) ဆိုသည်မှာ ခန္ဓာကိုယ်အပူချိန်သည် 40.6 ဒီဂရီစင်တီဂရိတ် (ဝါ) 105.1 ဒီဂရီဖာရင်ဟိုက်စ်ထက်ထက်ပိုမိုများပြားသည်ကိုဆိုလိုသည်။ ထိုအပူချိန်တွင် ခန္ဓာကိုယ်တွင် အင်္ဂါအတော်အများအလုပ်မလုပ်တော့ချေ။ ထိုကြောင့် မူးဝေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ သတိလစ်ခြင်း၊ စိတ်အခြေအနေကတောင်ချောက်ချားဖြစ်နှင့် အဆုံးစွန်တွင် ကိုယ်တွင်းအဂါၤပျက်စီးကာ အသက်သေဆုံးသည်အထိဖြစ်ပေါ်နိုင်သည်။

data-language="en"

အပူလျှပ်ခြင်းကိုလူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ အမျိုးသားအမျိုးသမီးမရွေး ခံစားနိုင်သည်။ ကာယလုပ်အားစိုက်ထုတ်ရသော အထွေထွေလုပ်သားများ၊ အားကစားသမားများ၊ စစ်သားများနှင့် အသက်အရွယ်ကြီးရင့်သူ၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါအခံရှိသူများသည် ပိုမိုခံစားရတတ်သည်။ ထို့အပြင် အရက်နှင့်ဘီယာကိုအလွန်အကျွံသောက်သုံးသူများသည်လည်း ပိုမိုခံစားရတတ်သည်။ ထို့အပြင်ကားဒရိုင်ဘာများသည်လည်း ခံစားရတတ်သည်။ 1998-2011ထိ အမေရိကန်နိုင်ငံရှိအပူလွန်ကဲခြင်းကြောင့်သေဆုံးမှု၏ ၇၅ ရာခိုင်နှုန်းသည် ကားမောင်းသမားများနှင့် ကားစီးသူများဖြစ်ကာ ထိုအထဲတွင် အသက်နှစ်နှစ်အောက်ကလေးငယ်သည် ၅၀ ရာခိုင်နှုန်းခန့်ပါဝင်သည်။

အပူလျှပ်ကြိုတင်ကာကွယ်နိုင်သောအခြေအနေဖြစ်သည်။ အခန့်မသင့်လျှင်ဆိုးဝါးသောအခြေအနေကို ဖြစ်ပေါ်စေသောကြောင့် အမေရိကန်ကာယလုပ်သားကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်း ( Occupation of Safety and health Administration of The United State ) မှ အပူလျှပ်ခြင်းကိုကာကွယ်ရန်အောက်ပါအချက်များကိုပြဋ္ဌာန်းခဲ့သည်။

၁။ အပူလျှပ်ခြင်း၏ ရောဂါလက္ခဏာများကို အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း။

၂။ ရောဂါလက္ခဏာများကို စောင့်ကြည့်ခြင်း နှင့် တခြားသော အပူလွန်ကဲစေနိင်သော အရာများကိုတားဆီးခြင်း၊

၃။စိတ်ပင်ပန်းမှုကိုတတ်နိုင်သမျှလျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သောပြုမူနိုင်မှုနှင့် ကာဖိန်းဓာတ်ပါသောအစားအစာများနှင့် အရက်သေစာသောက်သုံးမှုမှ ရှောင်ကြဉ်ရန်တို့ဖြစ်သည်။

အပူလျှပ်ခြင်း၊ အပူလွန်ကဲခြင်းတို့၏အဓိကကုထုံးသည် ခန္ဓာကိုယ်အပူချိန်ကိုလျှော့ချရေးသာဖြစ်သည်။ ထိုကြောင့် တင်းကျပ်သောအဝတ်အစားများအစား ပေါ့ပါးသော အဝတ်အထည်များကိုဝတ်ဆင်သင့်သည်။ အပူစုတ်သော အမဲရောင်နှင့်အခြားသော အရင့်ရောင်များအစား အရောင်လွှင့်သော တောက်ပသောအရောင်များကိုဝတ်ဆင်သင့်သည်။ ရေများများသောက်သုံးသင့်သည်။ နေပူထဲသို့ထွက်လျှင် အကာအကွယ်သို့မဟုတ် နေလောင်ဒဏ်ခံ အသားလိမ်းဆီများ သို့မဟုတ် သနပ်ခါးရေကျဲကျဲဖြင့် လိမ့်ကျံကာ နေပူထဲထွက်သင့်သည်။ ချွေးထွက်များသော အလုပ်ကိုတတ်နိုင်သမျှရှောင်ရှားသင့်သည်။ အပြင်ထွက်သွားသောချွေးပမာဏနှင့်ညီမျှသော ရေ သို့မဟုတ် ဓာတ်ဆားရည်များကိုသောက်သုံးသင့်သည်။

မြန်မာနိုင်ငံသည် အီကွေတာနှင့်နီးသော အပူပိုင်းဒေသတွင်ကျရောက်သောကြောင့် နွေအပူသည် အလွန်ပူပြင်းသည်။ ထို့ကြောင့် အပူလျှပ်ခြင်း အပူလွန်ကဲခြင်းကိုအလွယ်တကူခံစားနိုင်သည်။ ထိုကြောင့်ကျွနု်ပ်တို့သည် အရိပ်ရသောနေရာများနှင့်ရေဓာတ်များများရရှိရန် ကြိုးစားခြင်းဖြင့် အပူဒဏ်ကိုကာကွယ်သင့်သည်။

ဒေါက်ဦး(မွန်)

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်