ကျောက်သင်ပုန်းပင်နှင့်ကင်ဆာရောဂါ

4
data-language="en">

ဖိုးဝဇီ

ဒီတစ်ပတ် အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ လမ်းဘေးမှာ သဘာဝအလျောက် အလေ့ကျပေါက်ပြီး အလကားလည်းရ ၊ဆေးဖက်လည်းဝင်တဲ့ ကျောက်သင်ပုန်းပင် အကြောင်းပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ငယ်ငယ် ကျောင်းသင်ပုန်းတွေသုံးစဉ်အချိန်က သင်ပုန်းပေါ်မှာရေးထားတဲ့ စာတွေကိုပြန်ဖျက်ဖို့ အဲဒီအပင်ကို အသုံးပြုခဲ့တဲ့အတွက် ကျောက်သင်ပုန်းပင်လို့ ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကုလားချဉ်ပေါင်လို့လည်းခေါ်ပြီး၊တချို့တွေက နတ်သမီးကွမ်းရွက်၊နတ်သမီးကွမ်းတံတွေးပင်၊ရေကြည်ပင် စသဖြင့် နေရာဒေသအပေါ်မူတည်ပြီး အမျိုးမျိုးခေါ်ကြပါတယ်။

data-language="en"

အဲဒီ ကျောက်သင်ပုန်းပင်လို့ခေါ်တဲ့ အပင်ကို ဒီကနေ့မှာတော့ ဆေးစွမ်းထက်တဲ့အပင်တစ်မျိုးအြဖစ် နိုင်ငံတကာမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကင်ဆာ ဝေဒနာရှင်တွေအတွက် ပြန်လည်ကောင်းမွန်ဖို့ မျှော်လင့်နိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ကျောက်သင်ပုန်းပင် မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidantsပါဝင်တယ်။ ဗီတာမင်စီဓာတ်များစွာပါဝင်ပြီး ဗီတာမင်အေဓာတ်ကိုလည်း ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။

ဆေးဖက်ဝင်တဲ့အတွက် ထိုင်းလူမျိုးတွေက အစိမ်းအတိုင်းသုပ်စားကြသလို ပြုတ်ပြီးတော့လည်း သုပ်စားလေ့ရှိကြပါတယ်။ဒါ့အပြင် ဟင်းရည်အဖြစ်ချက်သောက်ကြသလို ထမင်းမြိန်တို့စရာအဖြစ်လည်း စားသုံးကြပါသေးတယ်။

ဖိလစ်ပိုင်နိုင်ငံက တိုင်းရင်းဆေးဆရာတွေကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ)တွေအတွက် သုပ်စား၊ပြုတ်စားကြတယ်လို့သိရပါတယ်။

ရင်သားကင်ဆာဝေဒနာရှင်တွေအနေနဲ့ ကျောက်သင်ပုန်းရွက် လက်တစ်ဆုပ်စာလောက်ကို ရေနဲ့သန့်ရှင်းစွာဆေးကြောပြီး ထောင်းကာ ရလာတဲ့အရည်ကို ရင်သားပေါ်မှာသုတ်လိမ်းပေးရပါမယ်၊အဖတ်တွေကိုလည်း မပစ်လိုက်ဘဲ အုံပေးခဲ့ရင် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိခိုက်ရှနာ ဒဏ်ရာအမျိုးမျိုး၊အနာစိမ်း၊ပြည်တည်၊ဝက်ခြံနာ၊အရေပြားရောဂါ အမျိုးမျိုးကိုလည်း အရွက်ကြိတ်ပြီး ရလာတဲ့အရည်ကို အနာပေါ်လိမ်းပေး၊အုံပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ဝက်ခြံ၊တင်းတိတ်သမားတွေအတွက် ပဉ္ဇငါးပါးလုံးကိုပြုတ်ပြီး၊ အဲဒီပြုတ်ရည်နဲ့ မနက်တိုင်း မျက်နှာသစ်ပေးရင် ပျောက်ကင်းစေမှာဖြစ်ပါတယ်။

မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခဲ့ရင် အဲဒီအရွက် လက်တစ်ဆုပ်စာလောက်ကို သန့်ရှင်းအောင် ရေနဲ့ဆေးကြောပြီး၊အရည်ညှစ်ယူကာ မျက်စိကို အနည်းငယ်စီတစ်နေ့နှစ်ကြိမ်လောက် ခတ်ပေးပါက မျက်စိနာနဲ့မျက်စိတိမ်များ ပျောက်ကင်းပါတယ်။ကြွက်နို့ပေါက်ခဲ့ရင်လည်း အဲဒီအရည်ကို ကြွက်နို့ပေါ် မကြာ မကြာတို့ပေးပြီး အဖတ်ကို အုံပေးခဲ့ရင် ပျောက်ကင်းစေမှာဖြစ်ပါတယ်။

ရေယုန်ရောဂါဖြစ်ခဲ့ရင် အပင်၊အရွက် ၊အပွင့် တို့ကို နနွင်း၊ဆန်စေ့အနည်းငယ်တို့နဲ့အတူ ရောထောင်းပြီး အနာပေါ်မှာ တစ်ညလောက်အုံပေးခဲ့ရင် သက်သာပျောက်ကင်းစေပါတယ်။ဒူလာရောဂါ ၊အဆစ်မြစ်ရောင်ဂေါက်ရောဂါတွေအတွက်တော့ အရွက်ကို သုပ်စား၊ပြုတ်စားရုံနဲ့သက်သာပျောက်ကင်းစေပါတယ်။

ဒါကြောင့်မို့ အလေ့ကျပေါက်၊အလကားရတယ် ဆိုပြီး အထင်သေး၊အမြင်သေး မျက်ကွယ်ပြုမနေဘဲ ကင်ဆာရောဂါအပါအဝင် အခြားရောဂါတွေကိုပါ ပျောက်ကင်းစေတဲ့ ကျောက်သင်ပုန်းပင်ကို လိုသလို အသုံးချကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဖိုးဝဇီ

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်